my_tn/mat/13/40.md

4.0 KiB

ဆက်စပ်မှုဖော်ပြချက်

ယေရှုက သူ့တပည့်တော်များအား ပေါင်းပင်နှင့်မျိုးပင်ပေါက်သည့် လယ်ကွင်း ပုံဥပမာရှင်းပြချက် အဆုံး သတ်သည်။

ထို့ကြောင့် ပေါင်းပင်များကို စုသိမ်းပြီး မီးဖြင့် ရှို့လေ၏

အခြားသောဘာသာပြန် ဆိုချက်၊ "ထို့ကြောင့် လူတို့က ပေါင်းပင်များကိုစုသိမ်းပြီး သူတို့ကို မီးရှို့လိုက်သည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ကမ္ဘာကုန်သောကာလ

"အချိန်၏အဆုံးပိုင်း"

လူသားက သူ့ကောင်းကင်တမန်များကို စေလွှတ်မည်

ယေရှုက သူ့ကိုယ်သူ ရည်ညွှန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ငါ၏ ကောင်းကင် တမန်များကို စေလွှတ်မည်" (ရှု၊ rc://*/ta/man/translate/figs-123person)

မတရားသောအမှုပြုသူ

"ဥပဒေမဲ့ နေသူများ" သို့မဟုတ် "ဆိုးသော လူများ"

မီးဖို

ငရဲမီးကို တင်စားထားသည့်အရာဖြစ်သည်။ "မီးဖို" သည် မသိကြလျှင် "ဒယ်အိုး" ဟု သုံးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရက်စက်သော မီးဖို" (ရှု၊ rc://*/ta/man/translate/figs-metaphor)

အံသွားခဲကြိတ်ခြင်းရှိရာ

လွန်ကျုးသည့် ဝမ်းနည်းမှုနှင့် ခံစားမှုကို ကိုယ်စားပြုသည်။ 8:11 ၌ မည်သို့ဘာသာပြန်သည်ကို ကြည့်နိုင်သည်။

နေကဲ့သို့ထွန်းလင်းသည်

ဤဥပမာကို သင့်ပတ်ဝန်းကျင်က နားမလည်နိုင်လျှင် "နေကို လွယ်လွယ်မြင်နိုင်သကဲ့သို့ မြင်သည်" ဟု သုံးနိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-simile)

အဘ

ဘုရားသခင်၏ အရေးကြီးသော အမည်နာမ ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/guidelines-sonofgodprinciples)

နားရှိသောသူ

နားထောင်သူများကို ရည်ညွှန်းသည့် အသုံးအနှုန်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့ကိုနားထောင်သူတိုင်း" 11:13 ၌ မည်သို့ရေးထားသည်ကို ပြန်ကြည့်နိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)

သူ့ကိုနားထောင်ခိုင်းပါ

"နားထောင်" သည် အာရုံစိုက်ခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါပြောသည့်အရာကို အာရုံစိုက်ရမည်" 11:13 ၌ မည်သို့ရေးထားသည်ကို ပြန်ကြည့်နိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)