# ဆက်စပ်မှုဖော်ပြချက် ယေရှုက သူ့တပည့်တော်များအား ပေါင်းပင်နှင့်မျိုးပင်ပေါက်သည့် လယ်ကွင်း ပုံဥပမာရှင်းပြချက် အဆုံး သတ်သည်။ # ထို့ကြောင့် ပေါင်းပင်များကို စုသိမ်းပြီး မီးဖြင့် ရှို့လေ၏ အခြားသောဘာသာပြန် ဆိုချက်၊ "ထို့ကြောင့် လူတို့က ပေါင်းပင်များကိုစုသိမ်းပြီး သူတို့ကို မီးရှို့လိုက်သည်" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]]) # ကမ္ဘာကုန်သောကာလ "အချိန်၏အဆုံးပိုင်း" # လူသားက သူ့ကောင်းကင်တမန်များကို စေလွှတ်မည် ယေရှုက သူ့ကိုယ်သူ ရည်ညွှန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ငါ၏ ကောင်းကင် တမန်များကို စေလွှတ်မည်" (ရှု၊ [[rc://*/ta/man/translate/figs-123person]]) # မတရားသောအမှုပြုသူ "ဥပဒေမဲ့ နေသူများ" သို့မဟုတ် "ဆိုးသော လူများ" # မီးဖို ငရဲမီးကို တင်စားထားသည့်အရာဖြစ်သည်။ "မီးဖို" သည် မသိကြလျှင် "ဒယ်အိုး" ဟု သုံးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရက်စက်သော မီးဖို" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # အံသွားခဲကြိတ်ခြင်းရှိရာ လွန်ကျုးသည့် ဝမ်းနည်းမှုနှင့် ခံစားမှုကို ကိုယ်စားပြုသည်။ 8:11 ၌ မည်သို့ဘာသာပြန်သည်ကို ကြည့်နိုင်သည်။ # နေကဲ့သို့ထွန်းလင်းသည် ဤဥပမာကို သင့်ပတ်ဝန်းကျင်က နားမလည်နိုင်လျှင် "နေကို လွယ်လွယ်မြင်နိုင်သကဲ့သို့ မြင်သည်" ဟု သုံးနိုင်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-simile]]) # အဘ ဘုရားသခင်၏ အရေးကြီးသော အမည်နာမ ဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/guidelines-sonofgodprinciples]]) # နားရှိသောသူ နားထောင်သူများကို ရည်ညွှန်းသည့် အသုံးအနှုန်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့ကိုနားထောင်သူတိုင်း" 11:13 ၌ မည်သို့ရေးထားသည်ကို ပြန်ကြည့်နိုင်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-idiom]]) # သူ့ကိုနားထောင်ခိုင်းပါ "နားထောင်" သည် အာရုံစိုက်ခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါပြောသည့်အရာကို အာရုံစိုက်ရမည်" 11:13 ၌ မည်သို့ရေးထားသည်ကို ပြန်ကြည့်နိုင်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-metonymy]])