my_tn/mat/01/01.md

3.7 KiB

ယေဘုယအချက်အလက်

စာရေးသူက ယေရှုသည် အာဗြဟံနှင့်ဒါဝိဒ်ရှင်ဘုရင်မှ ဆင်းသက်သော သူ၏ ဆွေစဉ်မျိုးဆက် အကြောင်းကို ဦးစွာ ရေးသားသည်။ သူ၏ ဆွေစဉ်မျိုးဆက်ကို အခန်း ၁:၁၅ အထိ ဖော်ပြထားသည်။

ယေရှုခရစ်တော်၏ ဆွေစဉ်မျိုးဆက် စာရင်းများမှာ

အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှုခရစ်တော်၏ ဘိုးဘွား စဉ်ဆက်စာရင်းများဖြစ်ပါသည်။"

အာဗြဟံနှင့် ဒါဝိဒ်၏သား

ယေရှုနှင့် ဒါဝိဒ်၊ ဒါဝိဒ်နှင့် အာဗြဟံတို့ ကြားကာလတွင် မျိုးဆက် များစွာရှိသည်။ ဤနေရာတွင် "သား" ဟု ဆိုခြင်းသည် "သားစဉ်မြေးဆက်"ကို ဆိုလိုခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အာဗြဟံမှ ဆင်းသက်သော ဒါဝိဒ်၏ ဆွေစဉ်မျိုးဆက်"

ဒါဝိဒ်၏သား

ဤစကားစုသည် ဘွဲ့နာမတစ်ခုအဖြစ် အသုံးပြုလေ့ရှိပြီး၊ ယေရှု မွေးဖွားလာရာ မျိုးရိုးကို ဖော်ပြချင်သော ရည်ရွယ်ချက် တစ်ခုတည်းသာ ဖြစ်ပါသည်။

ဣဇက်၏ ဖခင်ဖြစ်သော အာဗြဟံ

"အာဗြဟံသည် ဣဇက်၏ ဖခင်" သို့မဟုတ် "အာဗြဟံ၏သားဣဇက်" သို့မဟုတ် "ဣဇက် အမည်ရှိသော အာဗြဟံ၏သား"။ ဤနေရာတွင် သင်ပြန်ဆိုသောနည်းလမ်းသည် ယေရှု၏ ဆွေစဉ်မျိုးဆက်များ ၏စာရင်းကို ဘာသာပြန်ရေးသားထားခြင်း၌ အကောင်းဆုံးဖြစ်ပါလိမ့်မည်။ (ရှု၊ rc://*/ta/man/translate/figs-ellipsis)

ဖခင်ဣဇက်၊ ဖခင်ယာကုပ်

"ဖြစ်သည်"ဟူသည့် ဤစကားလုံးကို နားလည်နိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣဇက်သည် ဖခင်တစ်ဦး .... ယာကုပ်သည် ဖခင်တစ်ဦးဖြစ်သည်"။

ဖာရက်နှင့်ဇာရ ... ဟေဇရုံ၊ အာရံ

သူတို့သည် လူ၏အမည်နာမများဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-ellipsis)

ဖခင်ဖာရက်.. ဖခင် ဟေဇရုံ

"ဖြစ်သည်"ဟူသည့် ဤစကားလုံးကို နားလည်နိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဖာရက်သည် ဖခင်တစ်ဦး .... ဟေဇရုံသည် ဖခင်တစ်ဦးဖြစ်သည်"။ (ရှု၊ rc://*/ta/man/translate/figs-ellipsis)