# ယေဘုယအချက်အလက် စာရေးသူက ယေရှုသည် အာဗြဟံနှင့်ဒါဝိဒ်ရှင်ဘုရင်မှ ဆင်းသက်သော သူ၏ ဆွေစဉ်မျိုးဆက် အကြောင်းကို ဦးစွာ ရေးသားသည်။ သူ၏ ဆွေစဉ်မျိုးဆက်ကို အခန်း ၁:၁၅ အထိ ဖော်ပြထားသည်။ # ယေရှုခရစ်တော်၏ ဆွေစဉ်မျိုးဆက် စာရင်းများမှာ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှုခရစ်တော်၏ ဘိုးဘွား စဉ်ဆက်စာရင်းများဖြစ်ပါသည်။" # အာဗြဟံနှင့် ဒါဝိဒ်၏သား ယေရှုနှင့် ဒါဝိဒ်၊ ဒါဝိဒ်နှင့် အာဗြဟံတို့ ကြားကာလတွင် မျိုးဆက် များစွာရှိသည်။ ဤနေရာတွင် "သား" ဟု ဆိုခြင်းသည် "သားစဉ်မြေးဆက်"ကို ဆိုလိုခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အာဗြဟံမှ ဆင်းသက်သော ဒါဝိဒ်၏ ဆွေစဉ်မျိုးဆက်" # ဒါဝိဒ်၏သား ဤစကားစုသည် ဘွဲ့နာမတစ်ခုအဖြစ် အသုံးပြုလေ့ရှိပြီး၊ ယေရှု မွေးဖွားလာရာ မျိုးရိုးကို ဖော်ပြချင်သော ရည်ရွယ်ချက် တစ်ခုတည်းသာ ဖြစ်ပါသည်။ # ဣဇက်၏ ဖခင်ဖြစ်သော အာဗြဟံ "အာဗြဟံသည် ဣဇက်၏ ဖခင်" သို့မဟုတ် "အာဗြဟံ၏သားဣဇက်" သို့မဟုတ် "ဣဇက် အမည်ရှိသော အာဗြဟံ၏သား"။ ဤနေရာတွင် သင်ပြန်ဆိုသောနည်းလမ်းသည် ယေရှု၏ ဆွေစဉ်မျိုးဆက်များ ၏စာရင်းကို ဘာသာပြန်ရေးသားထားခြင်း၌ အကောင်းဆုံးဖြစ်ပါလိမ့်မည်။ (ရှု၊ [[rc://*/ta/man/translate/figs-ellipsis]]) # ဖခင်ဣဇက်၊ ဖခင်ယာကုပ် "ဖြစ်သည်"ဟူသည့် ဤစကားလုံးကို နားလည်နိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣဇက်သည် ဖခင်တစ်ဦး .... ယာကုပ်သည် ဖခင်တစ်ဦးဖြစ်သည်"။ # ဖာရက်နှင့်ဇာရ ... ဟေဇရုံ၊ အာရံ သူတို့သည် လူ၏အမည်နာမများဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-ellipsis]]) # ဖခင်ဖာရက်.. ဖခင် ဟေဇရုံ "ဖြစ်သည်"ဟူသည့် ဤစကားလုံးကို နားလည်နိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဖာရက်သည် ဖခင်တစ်ဦး .... ဟေဇရုံသည် ဖခင်တစ်ဦးဖြစ်သည်"။ (ရှု၊ [[rc://*/ta/man/translate/figs-ellipsis]])