my_tn/mat/11/23.md

6.1 KiB

ဆက်စပ်မှုဖော်ပြချက်

နိမိတ်လက္ခဏာများ အရင်ဆုံးလုပ်ခဲ့သည့် မြို့ရှိလူများကို ပုတ်ခတ်သည့်အကြောင်း ယေရှုက ဆက်ပြောနေသည်။

သင်၊ ကပေရနောင်မြို့

ကပေရနောင်မြို့သူသားများကို ယေရှုက သူတို့ နားထောင်သင့်ကြသော်လည်း နားမထောင်ကြသည်ကို ပြောသည်။ နာမ်စား "သင်" သည်အနည်းကိန်း၊ ကပေရနောင်မြို့ကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-apostrophe)

သင်

"သင်" အားလုံးသည် အနည်းကိန်းဖြစ်သည်။ မြို့လူများကို ရည်ညွှန်းပါက ပိုကောင်းသည်။ "သင်တို့" ဟု အများကိန်းဖြင့် လည်းပြန်နိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-you)

ကပေရနောင်...သောဒုံ

မြို့နာမည်များကို ထိုမြို့များရှိ လူများကို ကိုယ်စားပြုသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

သင်တို့ကို ကောင်းကင်ထိတိုင် ချီးမြှောက်ခြင်းရမည်ဟု ထင်ကြသလော

"သင်တို့ကို ကောင်းကင်ထိတိုင် ချီးမြှောက်ခြင်းရမည်ဟု ထင်ကြသလော" ကပေရနောင်လူများက သူတို့၏ မာနကိုပုတ်ခတ်သည့်အနေဖြင့် ယေရှုက ဤမေးခွန်းမျိုးကိုသုံးခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ကိုယ်တိုင် ကောင်းကင်ထိ မချီးမြှောက်နိုင်ကြ" သို့မဟုတ် "တခြားသူများ ချီးမြှောက်ခြင်းက သင်တို့ကို မချီးမြှောက်စေနိုင်ပါ" (ရှု၊ [[rc:///ta/man/translate/figs-rquestion]] and [[rc:///ta/man/translate/figs-activepassive]])

သင်တို့ကို မရဏာနိုင်ငံသို့ယူသွားခြင်းခံရမည်

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်က သင်တို့ကို မရဏာနိုင်ငံသို့ ပို့လိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

သောဒုံ၌ဖြစ်ခဲ့လျှင်...ယနေ့ထိတိုင်တည်နေမည်

အတိတ်၌ ဖြစ်နိုင်သည့်အရာ မဖြစ်ပျက်ခဲ့သည်အရာ၏ အခြေအနေကို ယေရှုက ဖော်ပြခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-hypo)

လုပ်ခဲ့သည့် နမိတ်လက္ခဏာများကို သောဒုံမြို့၌ပြလျှင်

အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ထံ၌ငါလုပ်ခဲ့သည့် နမိတ်လက္ခဏာများကို သောဒုံမြို့၌လုပ်ခဲ့လျှင်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

နိမိတ်လက္ခဏာများ

"မြတ်သောအလုပ်များ" သို့မဟုတ် "တန်ခိုးပါသောအလုပ်များ" သို့မဟုတ်"နိမိတ်လက္ခဏာများ"

၎င်းသည် ယခုတိုင်အောင်တည်ရာ၏

"၎င်း" သည် သောဒုံမြို့ကို ဆိုလိုသည်။

သင့်ကို ငါပြောသည်

ယေရှုပြောသည့်အရာကို အလေးနက်ပေးသည်။

တရားစီရင်သောနေ့၌ သင်တို့ထက် သောဒုံမြို့အတွက်သာ၍ခံရလတံ့

"သောဒုံမြေ" သည် ထိုမြို့၌ နေထိုင်ကြသည့်လူများကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တရားစီရင်သောနေ့၌ ဘုရားသခင်သည် သင်တို့ထက် သောဒုံမြို့ကို ပို၍သနားမည်" သို့မဟုတ် "တရားစီရင်သောနေ့၌ ဘုရားသခင်သည် သောဒုံမြို့ထက် သင်တို့ကို ပို၍ ပြစ်ဒဏ်ပေးမည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သင်တို့အတက်ပိုဆိုးသည်

မြှပ်ထားသည့် အချက်အလက်ကို ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါလုပ်သည့် နိမိတ်လက္ခဏာများကို သင်တို့တွေ့ကြသော်လည်း ငါ့ကိုမယုံကြည်ကြ၊ နောင်တမရကြသောကြောင့် သင်တို့အတွက် ပိုဆိုးမည်" (ရှု၊ rc://*/ta/man/translate/figs-explicit)