3.6 KiB
ယေဘုယျဖော်ပြချက်
စာရေးသူမှ ယေရှု၏ မွေးဖွါးခြင်းနှင့်ဆိုင်သော ဇာတ်ဝင်ခန်းသစ်ကို အစပြုရေးသားသည်။
သူ၏ မိခင်မာရိသည် ယောသပ်နှင့် လက်ထပ်ထိမ်းမြားရန် စေ့စပ်ထားသည်။
"သူ၏ မိခင်မာရိသည် ယောသပ်နှင့် လက်ထပ်ထိမ်းမြားလိမ့်မည်"။ မိဘများသည် သားသမီးများ၏ လက်ထပ်ထိမ်းမြှားခြင်းကိစ္စကို စီစဉ်ရသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ယေရှု၏ မိခင် မာရိ၏ မိဘများမှ သူမသည် ယောသပ်နှင့် လက်ထပ်ထိမ်းမြှားရန် ကတိကဝတ်ပြုခဲ့ပြီးဖြစ်သည်"။ (ရှု၊ rc://*/ta/man/translate/figs-explicit)
တစ်လုံးတစ်ဝတည်းမဖြစ်မီ
"လက်မထပ်မီ"။ ဤအကြောင်းအရာမှ မာရိနှင့်ယောသပ်သည် အတူတကွ အိပ်ခဲ့လိမ့်မည်ဟု ဆိုဖွယ်ရှိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အတူတကွ မအိပ်မီ"။ (ရှု၊ rc://*/ta/man/translate/figs-euphemism)
သူမသည် ကိုယ်ဝန်ဆောင်သည်ဟု သိရသည်
အခြားသောဘာသာပြန်ဆိုချက်၊ "သူမသည် ကလေးမွေးတော့မည်ဟု သူတို့သည် သိကြသည်" သို့မဟုတ် "သူမသည် ကိုယ်ဝန်ဆောင်ကြောင်း ထင်ရှားလျက်ရှိ၏"။ (ရှု၊ rc://*/ta/man/translate/figs-activepassive)
ဝိညာဉ်တော်အားဖြင့်
သူမသည် လူယောက်ျားနှင့်မအိပ်မီ သန့်ရှင်းသောဝိညာဉ်တော်သည် သူမအား ကိုယ်ဝန်လွယ်စေသည်။
သူမခင်ပွန်း ယောသပ်
ယောသပ်သည် မာရိအား လက်မထပ်မီ၊ လူယောကျ်ားနှင့်လူမိန်းမတို့သည် တစ်ဦးနှင့်တစ်ဦး ထိမ်းမြှားလက်ထပ်ရန် ကတိသစ္စာဝတ်ပြုကြသောအခါ အတူမအိပ်ကြသော်လည်း လင်မယားအရာမြောက်ကြောင်း ယုဒလူမျိုးများမှ မှတ်ယူကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မာရိကို လက်ထပ်ထိမ်းမြားရမည့် ယောသပ်" သို့မဟုတ် "ယောသပ်" (ရှု၊ rc://*/ta/man/translate/figs-explicit)
သူမနှင့်စေ့စပ်ခြင်းကို ဖျက်သိမ်းခြင်း
"သူတို့၏ လက်ထပ်ထိမ်းမြှားရန် ကိစ္စကို ဖျက်သိမ်းသည်"