my_tn/luk/03/07.md

3.7 KiB

ဗိတ္တိဇံကို ခံအံ့သောငှါ

ဤသည်မှာ လှုပ်ရှားမှုတခုကဲ့သို့ဖော်ပြခြင်းဖြစ်နိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယောဟန်သည် လူတို့အား ဗိတ္တိဇံပေးဖို့ရန်ဖြစ်သည်" (ရှု၊ rc://*/ta/man/translate/figs-activepassive )

အချင်းမြွေဆိုးအမျိုးတို့

ဤဥပစာတွင် ယောဟန်က လူတို့အား စာတန်ကို ကိုယ်စားပြုသည့် အန္တ ရာယ်ရှိသည့် သေစေနိုင်သောမြွေဆိုးနှင့် နှိုင်းယှဥ်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဆိုးညစ်၍အဆိပ်ပြင်းသော မြွေဆိုးတို့" သို့မဟုတ် "လူတို့သည် အဆိပ်ပြင်းသော မြွေများကို ရှောင်ရှားသကဲ့သို့ သင့်ထံမှလည်း ရှောင်ဖယ်ကြလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-metaphor )

အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း

သူတို့ဖြေကြားလိမ့်မည်ကို ယောဟန်သည် မြော်လင့်ခြင်းမရှိခဲ့ပါ။ ယောဟန်သည် လူတို့ကို ပြစ်တင်ဆုံးမခဲ့ပါသည်။ အကြောင်းမှာ သူတို့သည် ပြစ်မှားခြင်းကို မစွန့်လွှတ်ပဲလျက် ဘုရားသခင်သည် သူတို့အား အပြစ် ဒဏ်မပေးဘို့အလိုငှါ ဗိတ္တိဇံခံရန် တောင်းဆိုခဲ့ကြသောကြောင့်ဖြစ်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ထိုနည်းအားဖြင့် ဘုရားသခင်၏အမျက်တော်မှ တိမ်းရှောင်၍ မရနိုင်ပါ" သို့မဟုတ် "သင်သည် ဗိတ္တိဇံ ခံခြင်းအားဖြင့် ဘုရားသခင်၏ အမျက်တော်မှ လွှတ်ကင်းခွင့် မရနိုင်ပါ" (ရှု၊ rc://*/ta/man/translate/figs-rquestion )

ရောက်လုသောဘေးဒဏ်မှ

ဤနေရာ၌ "ဘေးဒဏ်"ဟူသောစကားလုံးသည် ဘုရားသခင်၏အပြစ်ဒဏ်ကို ညွှန်းဆိုရန်အသုံးပြုပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်၏ဘေးဒဏ်သည် ရောက် လာခဲ့မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ထိုအပြစ်ဒဏ်ကို စေလွှတ်တော်မူသည်" သို့မဟုတ် "ဘုရား သခင်ပြုတော်မူမည့် ဘေးဒဏ်" (ရှု၊ [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-activepassive]] )