my_tn/luk/03/01.md

2.6 KiB

ဆက်စပ်ဖော်ပြချက်

ပရောဖက်ဟေရှာယက ကြိုတင်၍ ဟောပြောခဲ့သည့်အတိုင်း ယောဟန်သည် လူတို့အား သတင်းကောင်းကို အစပြု ဟောပြောပါသည်။

ယေဘုယျအချက်အလက်

ဤကျမ်းချက်တို့က ယေရှု၏ ဝမ်းကွဲ ယောဟန်သည် သူ၏ သာသနာကို အစပြုသောအခါ ဖြစ်ပျက်လာမည့်အကြောင်းကို ပြောပြခြင်း နောက်ခံသမိုင်းကို မိတ်ဆက်ပေးခြင်း ဖြစ်ပါသည်။

ကဲသာဘုရင် တိဗေရိနန်းစံ တစ်ဆယ့်ငါးနှစ်တွင်

"ကဲသာဘုရင် တိဗေရိသည် တစ်ဆယ့်ငါးနှစ် အုပ်စိုးခဲ့သည်" (ရှု၊ rc://*/ta/man/translate/translate-ordinal )

ဖိလိပ္ပု . . . လုသနိ

ဤအရာများမှာ လူ၏ နာမည်များဖြစ်သည် (ရှု၊ rc://*/ta/man/translate/translate-names )

ဣတုရဲပြည်နှင့် တရာခေါနိတ်ပြည်. . . အဘိလင်ပြည်

ဤအရာများမှာ နယ်မြေများ၏ အမည်များဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names )

အန္နနှင့် ကယာဖတို့သည် ယဇ်ပုရောဟိတ်မင်းအရာ အသီးသီးရှိကြသောအခါ

"အန္နနှင့် ကယာဖတို့နှစ်ဦးသည် ယဇ်ပုရောဟိတ်အမှုကို ထမ်းဆောင်နေခဲ့ကြစဥ်တွင်"။ အန္နအားယဇ်ပုရောဟိတ်မင်းအဖြစ် ယုဒလူမျိုးတို့က သိမှတ်ကြကာ ရောမအစိုးရသည် သူ၏ သမက်ကယာဖကို သူ့နေရာ၌ ယဇ်ပုရောဟိတ်အဖြစ် အစားထိုးခဲ့ကြသည်။

ဘုရားသခင်၏ ဗျာဒိတ်တော်ကိုခံရ၏

"ဘုရားသခင် မိန့်တော်မူသောစကား" (ရှု၊ rc://*/ta/man/translate/figs-idiom )