my_tn/mat/18/01.md

28 lines
3.9 KiB
Markdown

# ယေဘုယျအချက်အလက်
ဇာတ်လမ်းအသစ်ကို အစပြုသည်။ ကောင်းကင်နိုင်ငံ တော်၌ အသက်ရှင်ပုံကို ယေရှုက သင်ကြားပေးသည်။ ယေရှုက ကလေးငယ်ကို သုံးပြီး တပည့်တော်များကို သင်ကြားပေးသည်။
# မည်သူက အကြီးဆုံးနည်း
"မည်သူက အရေးကြီးဆုံးဖြစ်သနည်း" သို့မဟုတ် "ငါတို့ထဲ၌ မည်သူက အရေးကြီးဆုံးဖြစ်မည်နည်း" (UDB)
# ကောင်းကင်နိုင်ငံတော်၌
"ကောင်းကင်နိုင်ငံတော်" သည် ဘုရားသခင်က ဘုရင်ကဲ့သို့ အုပ်စိုးသည်ကို ဆိုလိုသည်။ ဤစကားစုကို မဿဲတွင်သာ သုံးသည်။ ဖြစ်နိုင်ပါက "ကောင်းကင်" ဟု ပြန်ရန်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရား သခင်၏နိုင်ငံတော်ကိုဝင်သည်" သို့မဟုတ် "ငါတို့၏ ကောင်းကင်ဘုံရှိ ဘုရားသခင်က မြေကြီးပေါ်မှာ သူ၏ အုပ်စိုးမှု တည်ထောင်လာခြင်းနှင့် သက်ဆိုင်သူ" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]])
# သင့်ကိုငါအမှန်ပြောသည်
"သင့်ကို ငါသည် အမှန်တရားပြောသည်" ယေရှုပြောသည့်အရာကို အလေးနက်ပြုသည်။
# သင်ပြန်မလှည့်ရင်...ဝင်စရာလမ်းမရှိ
အခြားသောဘာသာပြန်ဆိုချက်၊ "သင်ပြောင်းလဲရမည်... ဝင်နိုင်ဖို့ရန်" (ရှု၊ [[rc://*/ta/man/translate/figs-doublenegatives]])
# သူငယ်ကဲ့သို့မဖြစ်လျှင်
မည်သူက အရေးကြီးဆုံးဖြစ်သည်ဟူသော ငြင်းခုံမှုနှင့် အချိန်ကုန်ကြသည့် တပည့်တော်များကို ဤဥပမာဖြင့် ယေရှုက သင်ကြားသည်။ သူတို့သည် ကလေးကဲ့သို့ နှိမ့်ချသင့်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-simile]])
# ကောင်းကင်နိုင်ငံတော်သို့ မ ရောက်
"ကောင်းကင်နိုင်ငံတော်" သည် ဘုရားသခင်က ဘုရင်ကဲ့သို့ အုပ်စိုးသည်ကို ဆိုလိုသည်။ ဤစကားစုကို မဿဲတွင်သာသုံးသည်။ ဖြစ်နိုင်ပါက "ကောင်းကင်" ဟု ပြန်ရန်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရား သခင်၏နိုင်ငံတော်ကိုဝင်သည်" သို့မဟုတ်"ငါတို့၏ ကောင်းကင်ဘုံရှိဘုရားက မြေကြီးပေါ်မှာ သူ၏အုပ်စိုးမှုတည်ထောင်လာခြင်းနှင့် သက်ဆိုင်သူ" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]])