4.3 KiB
ဆက်စပ်မှုဖော်ပြချက်
ကောင်းကင်နိုင်ငံတော်ကို တန်ဖိုးကြီးသည့်အရာကို ဝယ်ရန် သူတို့ပိုင်ဆိုင်သည့်အရာကို ရောင်းသည့် ပုံဥပမာနှစ်ခုဖြင့် ယေရှုက ဖော်ပြထားသည်။ (ရှု၊ rc://*/ta/man/translate/figs-parables)
ယေဘုယျအချက်အလက်
ဤပုံဥပမာနှစ်ခုတွင် ကောင်းကင်နိုင်ငံတော်သည် မည်သည့်အရာနှင့် တူသည်ကို သူ့တပည့်တော်များအား သင်ကြားပေးသည့်အခါတွင် ယေရှုက ဥပမာ နှစ်ခုသုံးထားပါသည်။ (ရှု၊ rc://*/ta/man/translate/figs-simile)
ကောင်းကင်နိုင်ငံတော်သည် တူသည်
"ကောင်းကင်နိုင်ငံတော်" သည် ဘုရားသခင်က ဘုရင်ကဲ့သို့ အုပ်ချုပ်သည်ကိုဆိုလိုသည်။ "ကောင်းကင်နိုင်ငံ တော်" ဟု မဿဲကသာသုံးသည်။ ဖြစ်နိုင်ပါက "ကောင်းကင်" ဟုပြန်ပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "ကောင်းကင်ဘုံရှိ ငါတို့အဘသည် ဘုရင်ကဲ့သို့ ပြန်လာသည့်အချိန်" 13:24 ၌ မည်သို့ ဘာသာပြန်သည်ကို ကြည့်နိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)
လယ်ကွင်း၌ ဝှက်ထားသော ရတနာ
အခြားသောဘာသာပြန်ဆိုချက်၊ "တစ်ယောက်ယောက်က လယ်ကွင်း၌ ဝှက်ထားသည့် ရတနာ" (ရှု၊ rc://*/ta/man/translate/figs-activepassive)
ရတနာ
တန်ဖိုးရှိပြီး ဈေးကြီးသည့်အရာများ
ဝှက်ထားသည့်အရာ
"ဖုံးထားသည့်အရာ"
သူပိုင်ဆိုင်သည့်အရာအားလုံးကို ရောင်းပြီး လယ်ကွင်းကို ဝယ်သည်
လျှို့ဝှက်ထားသည့် ရတနာကို ပိုင်ဆိုင်ဖို့အတွက် ထိုသူသည် လယ်ကွင်းကို ပိုင်ဆိုင်ရန် ဝယ်လိုခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)
တန်ဖိုးကြီးသည့် ပုလဲကို လိုက်ရှာဖွေသူ ကုန်သည်ကဲ့သို့
ထိုလူသည် သူဝယ်နိုင်သည့် တန်ဖိုးရှိသည့် ပုလဲကို လိုက်ရှာသည်ကို ဆိုလိုသည်။ (ရှု၊ [[rc:///ta/man/translate/figs-simile]] and [[rc:///ta/man/translate/figs-explicit]])
ကုန်သည်
ကုန်သည် သို့မဟုတ် လက်လီဖြင့် ကုန်များကို အဝေးနေရာများသို့ ဖြန့်ပေးသူ
တန်ဖိုးရှိသော ပုလဲ
"ပုလဲ" သည် ချောမွတ်သည်၊ မာသည်၊ တောက်ပသည်၊ အဖြူရောင်ရှိသည်။ ပင်လယ်တွင် ရှိပြီး တန်ဖိုးကြီးသည့် တွင်းထွက်ဖြစ်သည်။ လက်ဝတ်ရတနာအဖြစ် ပြုလုပ်ကြသည့်အရာ ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကောင်းသော ပုလဲ" သို့မဟုတ် "လှပသော ပုလဲ" (ရှု၊ rc://*/ta/man/translate/translate-unknown)