my_tn/mat/10/01.md

2.1 KiB

ဆက်စပ်မှုဖော်ပြချက်

ယေရှုက သူ့တပည့်တော် ဆယ့်နှစ်ပါးကို သူ့အလုပ်သွားလုပ်ကြရန် လွှတ်လိုက်သည့်အကြောင်းဖြင့် စတင်သည်။

သူ့တပည့်တော်ဆယ်နှစ်ပါးကို အတူခေါ်ပါ

"သူ့တပည့်ဆယ်နှစ်ပါးကို ဆင့်ခေါ်သည်" (ရှု၊ rc://*/ta/man/translate/translate-numbers)

သူတို့ကို အာဏာပေးသည်

ဤအာဏာသည် (၁) မသန့်ရှင်းသည့် ဝိညာဉ်များကိုနှင်ထုတ်ရန် နှင့် (၂) ရောဂါများနှင့် ဖျားနာခြင်းကို ငြိမ်းစေရန်" ဖြစ်ကြောင်း ရှင်းလင်းပါစေ။

သူတို့ကို နှင်ထုတ်ဖို့

"မသန့်ရှင်းသည့် ဝိညာဉ်များကို ထွက်သွားခိုင်းရန်"

ရောဂါမျိုးစုံနှင့် ဖျားနာခြင်းမျိုးစုံ

"ရောဂါတိုင်းနှင့် ဖျားနာခြင်းတိုင်း" "ရောဂါ" နှင့် "ဖျားနာခြင်း" သည်နီးစပ်သည့် စာလုံးများဖြစ်သည်။ သို့သော် သီးခြားစာလုံးများအဖြစ် ဘာသာပြန်နိုင်က ပိုကောင်းသည်။ "ရောဂါ" သည် လူကိုဖျားနာရန် ဖြစ်စေသည့်အရာဖြစ်သည်။ "ဖျားနာခြင်း" သည် ရောဂါကြောင့် ခန္ဓာကိုယ်အားနည်းလာခြင်းဖြစ်သည်။