my_tn/luk/24/04.md

2.6 KiB

ယေဘုယျအချက်အလက်

ကောင်းကင်တမန် နှစ်ယောက်ပေါ်လာကြပြီး အမျိုးသမီးများကို စကားပြောသည်။

ဖြစ်ပျက်သည်

ဇာတ်လမ်း၌ အရေးကြီးသည့် အဖြစ်အပျက်မှတ်ထားသည့် စကားစုဖြစ်သည်။ သင့်ဘာသာစကားတွင် ထိုသို့သော စာလုံးမျိုးရှိပါက သုံးနိုင်သည်။

ကြောင်ရွံ့ခြင်းနှင့်ပြည့်ကြသည်

"ကြောက်ရွံ့လာကြသည်"

သူတို့မျက်နှာများကို မြေပြင်ပေါ်သို့ဦးညွတ်ကြသည်

"မြေသို့ဦးညွတ်ကြသည်" (UDB)။ ထိုလူထံသို့ နှိမ့်ချခြင်းကို ပြသည့် အပြုအမူဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-symaction)

ဘာ့ကြောင့် အသက်ရှင်နေသူကို လူသေများကြားမှာ သင်တို့ရှာဖွေကြသနည်း

လူယောကျ်ားတို့က အမျိုးသမီးများကို သင်္ချိုင်း၌ အသက်ရှင်သူကို ရှာဖွေနေကြသည့်အတွက် ကြင်နာစွာဖြင့်မေးခွန်းကို သုံးပြီးဝေဖန်ကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သေနေသော လူတို့ကြားတွင် အသက်ရှင်သူကို သင်တို့ရှာနေကြသည်" သို့မဟုတ် "သေနေသောလူများ မြှပ်နှံထားသည့်နေရာတွင် အသက်ရှင်သူတစ်ယောက်ကို သင်တို့ မရှာဖွေသင့်ပေ" (UDB) (ရှု၊ rc://*/ta/man/translate/figs-rquestion)

ဘာ့ကြောင့် သင်တို့ရှာဖွေကြသနည်း

"သင်တို့" သည် အများကိန်းဖြစ်ပြီး လာနေသည့်အမျိုး သမီးများကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-you)