my_tn/num/20/04.md

2.1 KiB

ဆက်စပ်မှုဖော်ပြချက်

ဣသရေလလူများသည် မောရှေနှင့် အာရုန်ကို ဆက်လက် စောဒကတက်နေကြသည်။

ငါတို့နှင့် ငါတို့တိရစ္ဆာန်များကို သေစေခြင်းငှါ၊ ထာဝရဘုရား၏ပရိသတ်ကို ဤတောသို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။

မောရှေနှင့်အာရုန်ကို ဣသရေလလူများက စောဒကတက်၍ မေးသည့်မေးခွန်းဖြစ်သည်။ ရှင်းလင်းချက်တစ်ခုအနေဖြင့် ဖော််ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ထာဝရဘုရား၏ ပရိသတ်၊ ငါတို့နှင့် ငါတို့တိရစ္ဆာန်များကို ဤတော၌ သေစေခြင်းငှာ၊ မခေါ်ဆောင်သင့်ပေ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ငါတို့ကို အဲဂုတ္တုပြည်မှ ထွက်စေ၍၊ ဤဆိုးသော အရပ်သို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။

မောရှေနှင့်အာရုန်ကို ဣသရေလလူများက စောဒကတက် မေးသည့်မေးခွန်းဖြစ်သည်။ ရိုးရိုးဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤနေရာဆိုးကို ခေါ်လာဖို့ရန် အဲဂုတ္တုပြည်မှ ကျွန်ုပ်တို့ကို မခေါ်ဆောင်သင့်ပါ" (ရှု၊ rc://*/ta/man/translate/figs-rquestion)