my_tn/mat/13/24.md

3.4 KiB

ဆက်စပ်မှုဖော်ပြချက်

ကောင်းကင်နိုင်ငံတော်သည် လယ်ကွင်း၌ ပေါင်းပင်နှင့် မျိုးပင် နှစ်ခုစလုံးကြီးထွားလာသည့် ပုံဥပမာဖြင့် ယေရှုက ဖော်ပြထားသည်။ (ရှု၊ rc://*/ta/man/translate/figs-parables)

ကောင်းကင်နိုင်ငံတော်သည် လူနှင့်တူသည်

ကောင်းကင်နိုင်ငံတော်ကို လူနှင့်တူညီသည်ဟု ဘာသာမပြန်သင့်ပါ။ ထိုပုံဥပမာထဲရှိ လူ၏ အခြေအနေနှင့် တူသည်ဟုသာ ဘာသာပြန်နိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-simile)

ကောင်းကင်နိုင်ငံတော်သည်တူသည်

"ကောင်းကင်နိုင်ငံတော်" သည် ဘုရားသခင်က ဘုရင်ကဲ့သို့ အုပ်ချုပ်သည်ကို ဆိုလိုသည်။ "ကောင်းကင်နိုင်ငံ တော်" ဟု မဿဲကသာ သုံးသည်။ ဖြစ်နိုင်ပါက "ကောင်းကင်" ဟုပြန်ပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "ကောင်းကင်ဘုံရှိ ငါတို့အဘသည် ဘုရင်ကဲ့သို့ လာသည့်အချိန်တွင်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ကောင်းသောမျိုးစေ့

"ကောင်းသောမျိုးစေ့" ပရိသတ်များက ဂျုံအကြောင်းကိုပြောသည်ဟု ယေရှုကို ထင်ကြသည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

သူ့ရန်သူများလာသည်

"သူ့ရန်သူများ လယ်ကွင်းထဲအထိ လာကြသည်"

ပေါင်းပင်များ

ဤပေါင်းပင်များသည် ငယ်ရွယ်ချိန်တွင် မျိုးပင်များနှင့်တူသော်လည်း သီးလာသည့်အခါ အဆိပ်ကို သီးလျက်ရှိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဆိုးသောမျိုးစေ့" သို့မဟုတ် "ပေါင်း မျိုးစေ့" (UDB)

အပင်ပေါက်လာသည့်အခါ

"ဂျုံသည် အညှောက်ထွက်လာသည့်အခါ" သို့မဟုတ် "အပင်များ ထွက်လာသည့်အခါ"

အသီးအနှံထုတ်လုပ်သည်

"အသီးအနှံ ထုတ်လုပ်သည်" သို့မဟုတ် "ဂျုံထုတ်လုပ်သည်"

ပေါင်းပင်များလည်း ပေါ်လာကြသည်

"လယ်ကွင်း၌ ပေါင်းပင်များကိုလည်း လူတို့က မြင်နိုင်ကြသည်"