my_tn/mat/02/19.md

1.6 KiB

ဆက်စပ်အကြောင်းအရာ

ဤနေရာတွင် ယောသပ်၊ မာရိနှင့် သူငယ်တော်နေထိုင်ရာ အဲဂုတ္တုအဖြစ် ဇာတ်အိမ်တဖန် ပြောင်းသည်။

သင်ထလော့

ဤစကားလုံးမှ ကြီးမားသောဇာတ်အိမ်ကြီးတစ်ခုတွင် အခြားသောအကြောင်းအရာ စတင်ဖေါ်ပြကြောင်း အချက်ပြသည်။ ယခင်အကြောင်းအရာများတွင် မပါဝင်သော လူပုဂ္ဂိုလ်များ ပါဝင်လာကြသည်။

သူငယ်တော်၏ အသက်ကို ရှာသောသူများ

ဤနေရာတွင် "သူငယ်အသက်ကို ရှာသည်"ဟုပြောဆိုခြင်းသည် သူငယ်ကို သတ်လိုကြသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ထိုသူတို့သည် သူငယ်တော်ကို သတ်ရန် ရှာဖွေကြသည်" (ရှု၊ rc://*/ta/man/translate/figs-euphemism)

ရှာသောသူများ

ဤစကားလုံးသည် ဟေရုဒ်မင်းကြီးနှင့် သူ၏အကြံပေးများကို ရည်ညွှန်းသည်။