my_tn/lev/26/37.md

3.4 KiB

ယေဘုယျ အချက်အလက်

သူတို့၏ ရန်သူတိုင်းပြည်သို့သွားဖို့ အတင်းအကြပ်လုပ်ပါက လူတို့တွင် ဖြစ်ပျက်လာမည့် အရာအား ထာ၀ရဘုရား ဆက်လက်မိန့်တော်မူ၏။

ထားဘေးမှ ပြေးသောသူကဲ့သို့

ထားဘေးသည် ထားကိုသုံး၍ သတ်ရမည့်သူ သို့မဟုတ် ရန်သူစစ်သားမှ တိုက်ခိုက်ခြင်းကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထားနှင့် သင့်ကိုလိုက်သောသူမှ အဝေးသို့ ရှောင်ပြေးသော်လည်း" သို့မဟုတ် "သင့်ရန်သူထံမှ ဝေးသို့ ပြေးသော်လည်း" (ရှု၊ rc://*/ta/man/translate/figs-metonymy

ရန်သူရှေ့မှာ ရပ်နိုင်ရန်

ရန်သူရှေ့မှာ ရပ်တည်ခြင်းသည် သူတို့ကိုဆန့်ကျင်၍တိုက်ခိုက်ချိန် မလဲကျခြင်းကိုကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ကိုတိုက်ခိုက်သောအခါရန်သူကို ခုခံရန်" သို့မဟုတ် "သင်တို့ရန်သူတို့ကိုဆန့်ကျင်၍ပြန်တိုက်ခိုက်ရန်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ရန်သူပြည်သည် သင်တို့ကို မျိုးစား၍၊

ရန်သူပြည်အားဣသရေလအမျိုးသားတို့ကိုကိုက်စားမည့်သားရဲတိရစ္ဆာန်ကဲ့သို့ထာ၀ရဘုရားပြောဆိုသည်။"မျိုးစား" စကားလုံးသည် ဣသရေလလူတို့ ထိုနေရာ၌သေကြေကြမည့်အရာကို အလေးပေးထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " သင်တို့ ရန်သူ ပြည်သို့ သေကြေကြလိမ့်မည်။" (ရှု၊ rc://*/ta/man/translate/figs-personification)

ကျန်ကြွင်းသော သင်တို့သည်

"မသေသော သင်တို့သည်"

သူတို့အပြစ်များကိုအဝေးသို့စွန့်ပယ်၍

သူတို့ အပြစ်များကို အဝေးသို့စွန့်ပယ်ခြင်းသည် သူတို့အပြစ်ကြောင့်အဝေးသို့ စွန့်ပစ်ခြင်းကို ကိုယ်စားပြုသည်။

ဘိုးဘတို့အပြစ်

"သူတို့ဘိုးဘ"သည် သူတို့ဘိုးဘေးတို့ကို ကိုယ်စားပြုသည်။