my_tn/num/29/01.md

2.2 KiB

ယေဘုယျအချက်အလက်

လူများက မည်သည့်အရာလုပ်ကြရမည်ကို ထာဝရဘုရားက မောရှေအား ဆက်ပြောနေသည်။

သတ္တမလ၏ ပဌမရက်

"(၇) လမြောက်၏ ပထမနေ့" ဟေဗြဲ ပြက္ခဒိန်ရှိ လကို ဆိုလိုသည်။ (ရှု၊ [[rc:///ta/man/translate/translate-hebrewmonths]] နှင့် [[rc:///ta/man/translate/translate-ordinal]])

ထာဝရဘုရားကို အရိုအသေပေးရန် သန့်ရှင်းသောစုရုံးခြင်း ထားရန်

"ထာဝရဘုရားကို အရိုသေပေးရန်နှင့် ကိုးကွယ်ရန် အတူတကွစုရုံးခြင်း" "သန့်ရှင်းသောစုရုံးခြင်း" သည် ထာဝရဘုရားကို ကိုးကွယ်ရန် အတူတကွစုရုံးကြခြင်းကို ဆိုလိုသည်။ ထာဝရဘုရားကို ကိုးကွယ်ခြင်းအမှုသည် သန့်ရှင်းသောအမှုဖြစ်သည်။

သင်တို့တံပိုးမှုတ်သည့်အခါ ထိုနေ့ရောက်လိမ့်မည်

"သင်" သည် ယဇ်ပရောဟိတ်များကို ကိုယ်စားပြုမည့် ဣသရေလများကို ဆိုလိုသည်။ ကိုးကွယ်ခြင်း စတင်ရန်နှင့် ပရိသတ်အပေါင်းတို့ အတူတကွ စုရုံးကြရန် ယဇ်ပုရောဟိတ်များက တံပိုးမှုတ်ကြရသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယဇ်ပုရောဟိတ်များက တံပိုးမှုတ်ကြသည့်အခါ ထိုနေ့သည် ရောက်လိမ့်မည်။" (ရှု၊ rc://*/ta/man/translate/figs-synecdoche)