2.8 KiB
ဆက်စပ်မှုဖော်ပြချက်
ယေရှုက ဂါလိလဲသို့ ပြန်လှည့်လျက် တရားဇရပ်များတွင်သင်ပေးပြီး၊ ပရောဖက်ဟေရှာယက ကျမ်းသာ၌ ပြောသည့်အရာများကို ပြည့်စုံစေသူဖြစ်ကြောင်း လူများအားပြောပြသည်။
ယေရှုပြန်လာသည်
ဇာတ်လမ်းမှ အကြောင်းအရာအသစ်ကို စတင်သည်။ (ရှု၊ rc://*/ta/man/translate/writing-newevent)
ဝိညာဉ်တော်၏တန်ခိုး၌
"ဝိညာဉ်တော်က သူ့ကို တန်ခိုးပေးသည်" ဘုရားသခင်သည် ယေရှုနှင့်အတူရှိ၍ လူသားများ မလုပ်နိုင်သည့်အရာများကို သူ့အား လုပ်နိုင်ခွင့်ပေးသည်။
သူ့အကြောင်းသတင်းသည် ပျံ့လေသည်
ယေရှုအကြောင်းကို ကြားသည့်လူများက တခြားသူများကိုပြောကြသည်၊ တခြားသူများကလည်း နောက်ထပ်အခြားသူများကို သူ့အကြောင်းပြောကြသည်။ ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှုအကြောင်းသတင်းကို လူများက ဖြန့်နေကြသည်" သို့မဟုတ် "ယေရှုအကြောင်းကို တခြားလူများအား ပြောပြကြသည်" သို့မဟုတ် "သူ့အကြောင်း သတင်းကို တစ်ယောက်မှ တစ်ယောက်ဆီသို့ ပြောကြသည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)
ပတ်ဝန်းကျင်အရပ် အနှံ့အပြား
ဂါလိလဲပတ်ဝန်းကျင်ရှိ နေရာအားလုံးကို ဆိုလိုသည်။
အားလုံးက ချီးမွမ်းကြသည်
"လူတိုင်းက သူ၏ ကြီးမြတ်ခြင်းကို ပြောကြသည်" သို့မဟုတ် "လူအားလုံးက သူ့အကြောင်းကို အကောင်းနည်းဖြင့် ပြောကြသည်"