3.0 KiB
နောင်တရခြင်းနှင့်ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့
ဤဥပစာထဲ၌ လူတစ်ဦး၏ အလေ့အထကို အသီးနှင့် နှိုင်းယှဥ်ထားပါသည်။ အပင်သည် အသီးသီးရန် မျှော်လင့်ရသကဲ့သို့ နောင်တရ သည်ဟု ပြောဆိုသောသူသည် ဖြောင့်မတ်စွာ အသက်ရှင်ရန် မျှော်လင့်နေရပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် နောင်တရကြောင်း ပြသသောအသီးကို သီးရမည်" သို့မဟုတ် "မိမိအပြစ်မှ ပြောင်းလဲလာပြီး ကောင်းသောအကျင့်ကို ကျင့်ပါ" (ရှု ၊ rc://*/ta/man/translate/figs-metaphor )
စိတ်ထဲ၌ မအောက်မေ့ကြနှင့်
"မိမိကိုယ်ကို ပြောဆိုခြင်း" သို့မဟုတ် "တွေးခေါ်ထင်မှတ်ခြင်း"
အာဗြံဟံသည် ငါတို့အဘဖြစ်သည်ဟူ၍
"အာဗြံဟံသည် ငါတို့၏ ဘိုးဘေးဖြစ်သည်" သို့မဟုတ် "ငါတို့သည် အာဗြံဟံ၏ အမျိုးအနွယ်များဖြစ်ကြသည်"။ အကယ်၍ ထိုအရာမှာ သန့်ရှင်းမှု မရှိပါက သူတို့သည် အဘယ်ကြောင့် ထိုသို့ပြောဆိုကြပါသနည်း။ သင်သည် ထပ်တူသော အချက်အလက်ကို ပေါင်းထည့်နိုင်သည်။ "သို့ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အပြစ်ပေးတော်မူမည်မဟုတ်ပါ" (ရှု၊ fig )s_explicit
အာဗြံဟံသားတို့ကို ထုတ်ဘော်ဖန်ဆင်းနိုင်တော်မူသည်
ဤဥပစာက ဆိုလိုသည်မှာ "အာဗြံဟံအတွက် သားသမီးများကို ဖန်ဆင်းနိုင်သည်" သို့မဟုတ် "လူတို့အား အာဗြံဟံမှဆင်းသက်သော အမျိုးဖြစ်စေနိုင်သည်"။
ဤကျောက်ခဲတို့မှ
ယောဟန်သည် ယော်ဒန်မြစ်ရိုးတလျှောက်တွင် ရှိသော တကယ့်ကျောက်တုံးများကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။