4.4 KiB
ဆက်စပ်မှုဖော်ပြချက်
ဘုရားသခင်ပေးမည့် ကောင်းကင်ဘုံ နှင့်စပ်ဆိုင်သော ဝိညာဉ်ကိုယ်ခန္ဓာ နှင့် ယုံကြည်သူများ၏ လက်ရှိကိုယ်ခန္ဓာ မတူညီကြောင်း ဆက်လက်ပြောဆိုသွားသည်။
ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ
ရှင်ပေါလုသည် သူ၏ ကိုယ်ခန္ဓာသည် ယာယီတဲကဲ့သို့သာ ဖြစ်ပြီး ရှင်ပြန်ထမြောက်သောနေ့၌ ဘုရားသခင်ပေးမည့် ကိုယ်ခန္ဓာသည် အမြဲထာဝရတည်တံ့မည် ဖြစ်ကြောင်း ပြောဆိုသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)
ငါတို့မြေအိမ်သည်ပျက်လျှင်၊
ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အကယ်၍ "လူတို့သည် ငါတို့နေသော ယာယီတဲကို ဖျက်ဆီးလျှင် သို့မဟုတ် "ငါတို့၏ ကိုယ်ခန္ဓာကို သေစေပါက" (ရှု၊ rc://*/ta/man/translate/figs-activepassive)
လူလက်ဖြင့်မလုပ်ဘဲ
"ဘုရားသခင် ဖန်ဆင်းတော်မူသော အိမ်" ကို ရည်ညွန်းပါသည်။ ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသော ဘာသာပြန်ချက်၊ လူတို့ဖန်ဆင်း တည်ဆောက်ထားခြင်း မဟုတ်သော အိမ်။" (ရှု၊ [[rc:///ta/man/translate/figs-activepassive]] နှင့် [[rc:///ta/man/translate/figs-synecdoche]])
ငါတို့သည် မြေအိမ်၌ရှိစဉ်တွင် ညည်းတွားမြည်တမ်းလျက်၊ နေကြ၏
"ယာယီတဲ" ဟူသောစကားသည် "ဤမြေကြီးပေါ်တွင် ငါတို့မှီခိုသော အိမ်" ကိုရည်ညွန်းသည်။ "ညည်းတွားမြည်တမ်းခြင်း" မှာ လူတစ်ယောက်သည် ကောင်းသော အရာကို တောင့်တခြင်းကြောင့် မြွတ်ဆိုသော အသံ ဖြစ်သည်။
ကောင်းကင်အိမ် ထဲသို့ဝင်စားခြင်းငှါ
"ကောင်းကင်အိမ်" ဟူသော စကားသည် 'ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ရည်ညွန်းသည်။ ရှင်ပြန်ထမြောက်သော ခန္ဓာကိုယ်သည် ဘုရားသခင်ဖန်ဆင်းထားခြင်း ဖြစ်ကာ တောက်ပသော အဝတ်ကိုလည်း ပေးဝတ်အုံးမည်ဟု ရှင်ပေါလုက ပြောဆိုသည်။ (ရှု။ rc://*/ta/man/translate/figs-metaphor)
ဝတ်ဆင်ရမည်
ကောင်းကင်ဘုံနှင့် ဆိုင်သော ခန္ဓာကိုယ်ကို ဝတ်ဆင်ရမည်
ထိုသို့ဝင်စားလျှင် နေရာမဲ့ဖြစ်မည်မဟုတ်။
ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့သည် အဝတ်ဗလာ ဖြစ်မည်မဟုတ်" သို့မဟုတ် "ဘုရားသခင်သည် ငါတို့ကို အဝတ်ဗလာဖြင့် မြင်တော့မည်မဟုတ်" (ရှု၊ rc://*/ta/man/translate/figs-activepassive)