# ယေဘုယျအချက်အလက် စာရေးသူသည် သမ္မာကျမ်းစာတွင် ပရောဖက်ယေရမိမှ ဗက်လင်မြို့ြို့အရပ်ရှိ သူငယ်ယောကျ်ားအားလုံးသေရမည်ဟု ရေးသားထားခြင်းကို ကိုးကားဖေါ်ပြထားသည်။ # ထိုအခါ၌ အမှန်ကျသတည်း အခြားသောဘာသာပြန်ဆိုချက် - "ပြည့်စုံပြီ" သို့မဟုတ် "ဟေရုဒ်မင်းကြီး၏လုပ်ဆောင်ခြင်း ပြည့်စုံပြီ" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]]) # ပရောဖက် ယေရမိ‌ဟောဘူးသည်ကား အခြားသောဘာသာပြန်ဆိုချက် - "လွန်လေပြီးသောအချိန်အခါက ပရောဖက်ယေရမိအားဖြင့် ဘုရားသခင်မှ ပြောခဲ့သောစကား" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]]) # အသံကိုကြားရ၍ ... သူတို့မရှိတော့ပြီ မဿဲသည် ပရောဖက်ယေရမိကျမ်းကို ကိုးကားဖေါ်ပြသည်။ # အသံကိုကြားရ၍ အခြားသောဘာသာပြန်ဆိုချက် - "လူတွေက အသံကြားသည်" သို့မဟုတ် "ကျျယ်လောင်သောအသံ ကြားနေရသည်" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]]) # ရာခေလသည် သူမ၏ကလေးများအတွက် ငိုကြွေးသည်။ ထိုကာလမတိုင်မီ ရာခေလသည် နှစ်ပေါင်းများစွာ ကတည်းက အသက်ရှင်ခဲ့သည်။ ရာခေလသည် သူမ၏ မျိုးဆက်များအတွက် ငိုကြွေးရင်း သေဆုံးခဲ့ကြောင်း ပရောဖက်ပြုချက်ရှိခဲ့သည်။ # သူမ စိတ်မပြေနိုင် အခြားသောဘာသာပြန်ဆိုချက် - "မည်သူမျှ သူမအား နှိမ့်သိမ့်မှု မပေးနိုင်ပေ" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]]) # မိမိသားတို့ မရှိသောကြောင့် "အဘယ်ကြောင့်ဆိုသော် သူငယ်များသည် အပြန်မရှိသော အရပ်သို့ ထွက်သွားကြပြီ"။ ဤနေရာတွင် "အပြန်မရှိ"ဟုသုံးနှုန်းထားခြင်းသည် သေသည်ဟူသော စကားကို သိမ်မွေ့စွာ အသုံးပြုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုခြင်း - "အဘယ်ကြောင့်ဆိုသော် သူတို့သေသည်" (ရှု၊ [[rc://*/ta/man/translate/figs-euphemism]])