# ဆက်စပ်မှုဖော်ပြချက် ယေရှုနှင့် သူ့တပည့်များ နေထိုင်ကြသည့် အိမ်သို့ မြင်ကွင်းက ကူးပြောင်းသွားသည်။ 13:24 ၌ သူရှင်းပြခဲ့သည့် ဂျုံပင်နှင့် ပေါင်းပင်ပေါက်သည့် လယ်ကွင်း ပုံဥပမာကို ယေရှုက စရှင်းပြနေသည်။ # အိမ်ထဲသို့ဝင်သွားသည် "အထဲသို့ သွားသည်" သို့မဟုတ် "သူနေထိုင်သည့် အိမ်ထဲသို့ ဝင်သွားသည်" # ကြဲသူ "မျိုးကြဲသူ" # လူသား ယေရှုက သူ့ကိုယ်သူ ရည်ညွှန်းခြင်းဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-123person]]) # နိုင်ငံတော်၏သားများ "၏ သားများ" သည် တစ်ခုခုနှင့် တူညီသည့် အကျင့်စရိုက်ရှိခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နိုင်ငံတော်နှင့် သက်ဆိုင်သည့် လူများ" (ရှု၊ [[rc://*/ta/man/translate/figs-idiom]]) # နိုင်ငံတော်၏ "နိုင်ငံတော်" က ဘုရားသခင်သည် ဘုရင်ဖြစ်ကြောင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်၏" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]]) # နတ်ဆိုး၏သားများ "၏ သားများ" သည် တစ်ခုခုနှင့်တူညီသည့် အကျင့်စရိုက်ရှိခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နတ်ဆိုးနှင့် သက်ဆိုင်သည့်လူများ" (ရှု၊ [[rc://*/ta/man/translate/figs-idiom]]) # သူတို့ကိုကြဲသည့် ရန်သူ "ပေါင်းပင်များကို ကြဲသည့် ရန်သူ" # ကမ္ဘာကုန်သောကာလ "အချိန်၏ အဆုံးပိုင်း"