# လက်တော်တွင် စံကောပါလျက် ခရစ်တော်သည် ဂျုံစပါးနှင့် အဖျင်းကို ခွဲခြားရန်အသင့်ဖြစ်နေ သောလယ်သမားတဦးအနေဖြင့် ကြွလာတော်မူသောအခါ တရားစီစဥ်တော်မူမည့် အကြောင်းကို ယောဟန်က ပြောဆိုခြင်းဖြစ်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် စပါးကိုလှေ့ရန် ခက်ရင်းကို ဆုပ်ကိုင်ထားသည်။ အကြောင်းမှာ သူသည်အဆင်သင့်ဖြစ်သည်" သို့မဟုတ် "စပါးဖျင်းများကို ဖယ်ထားရန် အသင့်ဖြစ်နေသော လယ်သမားကဲ့သို့ ကိုယ်တော်သည် တရားစီရင်ရန် အသင့်ဖြစ်၏။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]] ) # စံကော ဤအရာမှာ ဂျုံစပါးကို လေထဲသို့ ပစ်လွှတ်၍ အဖျင်းနှင့် ခွဲခြားစေရန်အသုံးပြုသောလက်နက်တခုဖြစ်သည်။ ပို၍လေးသော စပါးသည် အောက်သို့ကျ၍ အသုံးမဝင်သော အဖျင်းသည် လေထဲသို့ လွင့်ထွက်သွားသည်။ ထိုအရာမှာ ကောက်ဆွနှင့်တူသည်။ # ကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့် ကောက်နယ်တလင်းသည် စပါးနယ်ရန်အတွက် ပြင်ဆင်ထားသော စပါးများပုံထားရာနေရာဖြစ်သည်။ တလင်းပြင်ကို "ရှင်းလင်းခြင်း" ၏ဆိုလိုသည်မှာ စပါးနယ်ခြင်းကိုပြီးမြောက်စေခြင်းဖြစ်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ ဂျုံ စပါးလှေ့ခြင်းကို ပြီးစီးစေရန်" # ဂျုံစပါးကိုကား ကျီ၌စုသိမ်းသွင်းထား၍ ဂျုံစပါးသည် ကောက်ရိတ်သိမ်းရာ၌ လက်ခံနိုင်သော စပါးဖြစ်၍ စပါးကျီတွင် သိမ်းထားရသည်။ # အဖျင်းကိုကား မငြိမ်းနိုင်သော မီးနှင့် ရှို့တော်မူလတံ့ အဖျင်းသည် ဘယ်အရာ၌မျှ အသုံးမဝင်ပါ။ ထို့ကြောင့် လူတို့သည် မီးရှို့ပစ်ကြသည်။