# ယေဘုယျ အချက်အလက် ကူးစက်ရောဂါကို ရှောင်ရန် လုပ်သင့်သည့်အရာများကို ထာ၀ရဘုရားသည် မောရှေနှင့် အာရုန်တို့အား ဆက်လက်မိန့်တော်မူ၏။ # ထိုလူ ဤသည် ကူးစက်တတ်သောအရည်နှင့် လူပုဂ္ဂိုလ်ကို ရည်ညွှန်းသည်။ # မစင်ကြယ်ဖြစ်လိမ့်မည် သူသည်ရုပ်ပိုင်းဆိုင်ရာ မစင်ကြယ်သကဲ့သို့ အခြားသောလူများ မထိတွေ့နိုင်သော လူပုဂ္ဂိုလ်ကိုဆိုလိုသည်။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # ညဦးတိုင်အောင် "နေ၀င်ချိန်တိုင်အောင်" # စီးဆင်းသောအရာထိတွေ့သောသူမည်သူမဆို "ကူးစက်သောအရာကို ထိတွေ့သောလူပုဂ္ဂိုလ်မည်သူမဆို" # ထိတွေ့ပုဂ္ဂိုလ် ဤသည်ကို ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူထိတွေ့သော ပုဂ္ဂိုလ်" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]]) # ရိနာစွဲသောသူ ထိသော မြေတန်ဆာကို ခွဲရမည်။ ဤသည်ကို ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တစ်စုံတစ်ယောက်သည် ရိနာစွဲသောသူ ထိသောမြေအိုးကိုခွဲရမည်။" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]]) # သစ်သား တန်ဆာကို ရေနှင့်ဆေးရမည်။ ဤသည်ကို ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တစ်စုံတစ်ယောက်သည်သစ်သား တန်ဆာတိုင်းကို ရေနှင့်ဆေးရမည်။" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])